ကျွန်တော်တို့ မြန်မာ၊နီပေါ အလုပ်သမား (၃၀၀)ကျော်လောက်ဟာ ၄.၀၂.၂၀၁၂ တွင်အလုပ်သမားများရဲ့ မပြေလည်မှု့ တွေကို သူဌေးထံသို့ စာရေးပြီးတော့ တောင်းဆိုခဲ့ကြပါတယ်၊
၁။လုပ်အားခ တိုးမြင့်ပေးရေး (ယခု ၁၇.၅၀ မှ ၂၁.၀၀)
၂။အိမ်သာသန့် ရှင်းရေး မလုပ်နိုင်သည့်အတွက် သီးသန့် လူဌားပေးရန်
၃။အလုပ်သမားများရဲ့ ကျမ်းမားရေးအကူအညီများကို ဆောင်ရွက်ပေးရန် ဆိုတဲ့ အချက်(၃) တို့  ဖြစ်ပါတယ်၊
အဲ့ တောင်းဆိုမှု့ အတွက် သူတို့  (သူဌေး) ဘက်မှ စဉ်းစားဖို့ အချိန် ၁၄.၀၂.၂၀၁၂ အထိ ကျွန်တော်တို့ အလုပ်သမားတွေ ကိုစောင့်ခိုင်းခဲ့ပါတယ်၊၁၄.၀၂.
၂၀၁၂ ရက်နေ့ ရောက်သောအခါ
တိကျတဲ့ အဖြေကို မပေးခဲ့ ပါဘူး၊သူတို့  ငြိနှိုင်းပေးတဲ့ လစာ ပုံစံအသစ်ကလည်း ယခု ကျွန်တော်တို့ ရတဲ့ လစာထက် လျှော့ကျနေတာကြောင့် ကျွန်တော်တို့ အလုပ်သမား (၃၀၀) ကျော်ဟာ
၁၅.၀၂.၂၀၁၂ ရက်နေ့ ကနေစပြီးတော့ အလုပ်မဆင်းပဲ နေခဲ့ ကြပါတယ်၊ညနေပိုင်းလောက်ကြတော့ ရဲတွေကိုခေါ်ပြီး အလုပ်ဆင်းဖို့ အတွက် ခြိမ်းခြောက်ခဲ့ပါတယ်။အဲ့လို ခြိမ်းခြောက်ခဲ့ပေမဲ့လည်း
ကျွန်တော်တို့ အလုပ်သမားများ အားလုံးက အလုပ်မဆင်းပဲ ဆက်လက် နေထိုင်ခဲ့ကြပါတယ်၊၁၆.၀၂.၂၀၁၂ ရက်နေ့ ကြတော့ မလေးရှားနိုင်ငံ၊အီပို့ မြို့ ရှိ အလုပ်သမားရုံးသို့ အကြောင်းကြားခဲ့ပါတယ်၊
အဲ့နေ့ နေ့ လည်ပိုင်းလောက်တွင်ပဲ အလုပ်သမားရုံးမှ တာဝန်ရှိသူများလာရောက်ငြိနှိုင်
းပေးပြီး ၁၇.၀၂.၂၀၁၂ ရက်နေ့ နံနက် (၁၀း၀၀) တွင် ထပ်မံငြိနှိုင်းဖို့ အတွက်အလုပ်သမားရုံးမှ တာဝန်ရှိသူများက တောင်းဆိုခဲ့ပါတယ်၊၁၇.၀၂.၂၀၁၂ ရက်နေ့ နံနက်(၁၁း၀၀)နာရီ ကနေစပြီး ငြိနှိုင်းမှု့ စတင်ခဲ့ပြီးညနေ (၅း၀၀)အထိတိကြတဲ့ အဖြေကို မရရှိခဲ့ ပါဘူး၊အဲ့ငြိနှိုင်းစဲ အချိန်အတွင်း
မြန်မာသံရုံးကို အကြောင်းကြားခဲ့ပေမဲ့ ဖုန်းလက်ခံစကားပြောခြင်းမရှိခဲ့ပါဘူး၊လေဘာရုံးမှတာဝန်ရှိသူတွေ
က နောက်ဆုံငြိနှိုင်းမှု့ အနေဖြင့်ကျွန်တော်တို့ မြန်မာ၊နီပေါ အလုက်သမားခေါင်းဆောင်တွေကို ခေါ်ပြီး
လိုချင်တဲ့ လစာကို နောက်ဆုံးအနေနဲ့ မေးပါတယ်၊မရရင်ဘာလုပ်မလဲမေးတဲ့
အခါ အားလုံးက ကိုယ့်အမိမြေကို ပြန်မဲ့ကြောင်း ပြောပါတယ်၊အလုပ်သမားရှံးမှ တာဝန်ရှိသူတွေက သူဌေးကို ခေါ်မေးတဲ့အခါ
သူဌေးမှ မပေးနိုင်ကြောင်းပြောလို့  အလုပ်သမားရုံးမှ တာဝန်ရှိသူတွေက ပြန်ဖို့ အတွက်လက်မှတ်ထိုးခိုင်းပြီး တာဝန်ချိန်းပြီးဆုံးလို့  ပြန်သွားပြီးတဲ့အခါကြမှ သူဌေးနှင့် စူပါဖိုက်ဆာများက ထပ်မံငြိနှိုင်းမှု့ တွေလုပ်ခဲ့ပေမဲ့ လည်း ကျွန်တော်တို့ အလုပ်သမားတွေရဲ့ လိုအပ်ချက်ကို မဖြည့် ပေးနိုင်တာကြောင့် အလုပ်သမားများအားလုံး အခုပြန်ဖို့ အတွက် စောင့်ဆိုင်းနေကြပါတယ်၊၂၀.၀၂.၂၀၁၂ ရက်နေ့ တွင် လစာငွေတွက်ပြီး၊လေယာဉ်လက်မှတ်စီစဉ်ပေးမယ်၊၂၃-၀၂-၂၀၁၂ ရက်နေ့ နောက်ဆုံးလို့ သူဌေးဘက်မှတာဝန်ရှိသူတွေကပြောပါတယ်၊
ဒီအဖြစ်အပျက်လေးကို ပြန်ဖေါက်သည်မချခြင်တော့ပါဘူး၊ ဇာတ်လမ်းအစကို မသိခဲ့ပေမဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေ
နိုင်ငံတကာမှာ ဘယ်လောက်အနှိမ်ခံနေရသလဲ၊ ဒါပေမဲ့ အခု ဖြစ်ရပ်မှာ မြန်မာနိုင်ငံသားတွေဟာ ညီညီညွတ်ညွတ်နဲ့ ငါတို့လူမျိုးတွေဟာ
မင်းတို့ထင်နေသလို ထားရာနေ စေရာသွား မယ့်လူစားတွေမဟုတ်ဘူးဆိုတာ ရဲရဲရင့်ရင့် စိန်ခေါ်လိုက်တာပါ လို့ထင်ပါတယ်၊
ဒီသာဓကလေး နမူနာယူသင့်ပြီ၊ ဒါမှ လူမျိုးခြား နိုင်ငံခြားသားတွေ ထင်သလို မစော်ကားရဲအောင်...
ကျွန်တော်လေးစားရတဲ့ အီပို့ စက်ရုံမှ မြန်မာနိုင်ငံသားများသို့

ဒီစက်ရုံမှ မြန်မာနိုင်ငံသားများ
ဦးဘိုဘိုမြင့်ခင်ဗျာ၊
ကျွန်တော်တို့ မြန်မာအလုပ်သမား(၈၀)၊နီပေါအလုပ်သမား(၁၇၀) အားလုံးစုစုပေါင်း(၂၅၀) ကျော်ဟာ ၂၄.၀၂.၂၀၁၂ တွင်
အမိမြေကို ပြန်ပါတော့မယ်၊နီပေါ(၃၀)၊မြန်မာ
(၁၉) ကတော့ ပြန်လို့ မဖြစ်တဲ့အခြေနေတွေကြောင့် အလုပ်ပြန်ဆင်းကြပါတယ်၊
အခုလို အစစအရာရာ ကူညီတွေပေးတဲ့အတွက် အလုပ်သမားများကိုစား ကျေးဇူးအများကြီးတင်ပါတယ်လို့  ပြောပါရစေ။
Ko Aung Min Ko